“အခန်းနားဆုံး ကောလဟာလ”

ပင်လယ်တစ်စင်းလို
ခြစ်ခြစ်တောက်ပူနေတဲ့ နှလုံးသား
အနားသတ်တွေ တဝုန်းဝုန်းရိုက်ခတ်ဖို့
ကျောပြင်ကို အငွေ့ပျံခံပြီး
လရောင်ရဲ့ အပွေ့ဖက်ခံချင်တာ
မျှော်လင့်ခြင်းဆိုတဲ့ သီအိုရီဆန်ဆန်
ပေးဆပ်မှု…..

သစ်တစ်ပင်လို
ဆာလောင်မွတ်သိပ်နေတဲ့ အခက်အလက်တွေ
အလင်းရောင်ဘက်ကို အလုအယက်တက်ဖို့
အဆုတ်ထဲက အောက်စီဂျင်ထိုးပေးပြီး
နေမင်းရဲ့ နှုတ်ခမ်း ခပ်ဖွဖွနမ်းစေချင်တာ
တမ်းတခြင်းဆိုတဲ့ အိပ်မက်ဆန်ဆန်
သိမ်းပိုက်ခံရမှု….

ကန္တာရတစ်ခုလို
အထီးကျန်ဖြစ်နေတဲ့ မျက်နှာစာ
အလွမ်းပြေ အိုအေစစ်လေးအုတ်မြစ်ချဖို့
ရင်ဘတ်ကို တံလျှပ်အဖြစ်ပေးချေပြီး
ကောင်းကင်ရဲ့ မျက်ဝန်းတွေ ပြိုကျစေချင်တာ
ရယူလိုခြင်းဆိုတဲ့ မျက်လှည့်ဆန်ဆန်
နယ်ချဲ့ခံရမှု…..
……………………………..
………………………………
ညီမျှခြင်းတစ်ခုလို
လှိုင်းထနေတဲ့ အစွန်းထွက်တွေ
ယုံကြည်ချက်ကို ရေချိန်ညီစေဖို့
ကိန်းသေတွေနဲ့ အလေးခိုးပြီး
ရေခဲရိုက် အပြုံးအတုတွေချပြ
ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်…

အလွမ်းတွေနဲ့ပြည့်နေတဲ့ အထီးကျန်မှု့အတွက်
ဥက္ကာပျံတစ်စင်း
အရှိန်ပြင်းပြင်း ပစ်ဆောင့်ခံရတဲ့
မြေပြင်လို သွက်သွက်ခါလက်ခံရင်း
နာကျည်းခြင်း အပေါက်အပြဲဗရပွ…

အင်းလေ…
ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
…………
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊

14 comments:

Craton said...

သားသားတစ်

Craton said...

အချစ်ကို ကောလဟာလတဲ့..း)

ညရဲ့ကောင်းကင် said...

အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊


မှန်လိုက်တာဗျာ...

မနန်း said...

…………
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊

အော် ဟုတ်ပါသလား
ကဗျာတွေကောင်းတယ်ရှင်

အဖြူရောင်နတ်သမီး said...

အချစ်ဆိုတာ....
“ကောလဟာလ”တဲ့လား...
ဒါဆိုရင်...ကောလဟာလ ထဲမှာမျောပါခဲ့ဖူးတဲ့ အချစ်တွေကရော....

မနန်း said...

ကဗျာလေးကောင်းလို့ထပ်လာခံစားပါတယ်

moeswe-moeswe said...

ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်…

အမှန်တရားတွေကို ကဗျာထဲမှာ ပုံဖော်သွင်းထားတာ သဘောကျစရာ :)

desertraindrops said...

နောက်ဆုံးအပိုဒ်လေး လှတယ်။ "အချစ်ဆိုတာ အခမ်းနားဆုံး ကောလဟာလ" ဆိုပါလား။ ကဗျာလေး ကောင်းတယ်ဟ။

မြစ်ကျိုးအင်း said...

အဲဒီကောလဟာလကြောင့် လူတွေ အပြိုပြိုအလဲလဲ
အလဲလဲအကွဲကွဲ ပေါ့

မနန်း said...

အရုပ်လေး
အသစ်မတင်နိုင်သေးဘူး
ကဗျာကြွေးတွေထပ်ဖတ်သွားတယ်

ကိုတိုး said...

အကိုရေ ကဗျာလေးကောင်းတယ်နော်အခန်းနားဆုံးကောလဟာလ ဆိုပါလားနော်

ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊ဆိုတာလေးကိုသဘောကျတယ်ဗျာအကိုရေ အဆင်ပြေပျော်ရွှင်နိုင်ပါစေခင်ဗျာ။

မနန်း said...

အရုပ်ကလေး
"“အခန်းနားဆုံး ကောလဟာလ”"
ထပ်လာဖတ်သွားတယ်

မနန်း said...

သစ်သစ်လာချောင်းတာ

အိမ် said...

တယ်ဆိုတဲ့စာပါလားဗျာ.... ခံစားနေရတာ တွေပွင့်ထွက်လာတာများလား ... ဟင်...။